Yesagyo Federal High School (YFHS-Online) မှ 2025-2026 ပညာသင်နှစ်အတွက် ကျောင်းသားသစ်လျှောက်လွှာခေါ်ယူခြင်း။ (YFHS တွင် ပညာသင်ယူနေဆဲ ကျောင်းသူ/ကျောင်းသားဟောင်းများ လျှောက်ထားရန်မလိုအပ်ပါ။)
လျှောက်လွှာဖောင်လင့် 👉👉https://forms.gle/t6i4S399BJEDoG8g8👈👈
ဖောင်ပိတ်မည့်ရက် -၂၀၂၅ခု၊ ဇွန်လ- ပထမပါတ်
စတင်ဖွင့်လှစ်မည့်ကာလ= ၂၀၂၅ ဇွန်လ ဒုတိယပါတ်
Yesagyo Federal High School (YFHS-Online)
ကျောင်းသည် CDM ဆရာ/မများဦးဆောင်၍ ရေစကြိုမြိုနယ် ပညာရေး ဘုတ်အဖွဲ့မှ တည်ထောင်ထားသော အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အသိအမှတ်ပြု Online ကျောင်းဖြစ်ပါသည်။ 2021 အာဏာသိမ်း ပြီးနောက် ကျောင်းသား/သူများ ပညာသင်ယူခွင့် မဆုံးရှုံးစေရန်၊ စစ်ကျွန်ပညာရေးမှ ရုန်းထွက်နိုင်စေရန် ၊ပညာ ဆက်လက် သင်ကြားသင်ယူခွင့် ရရှိစေရန်အတွက် ၂၀၂၂ -ဇွန်လ မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ပညာသင်ကာလ(၄)ကြိမ်ပြီးမြောက်ပြီး (၅)ကြိမ်မြောက် ပညာသင်နှစ် စတင်သင်ကြား တော့မည် ဖြစ်ပါသည်။
Yesagyo BOE and YFHS Official Facebook page 👉https://www.facebook.com/profile.php?id=100076387115742&mibextid=ZbWKwL👈
Yesagyo BOE and YFHS Official YouTube Channel
👉http://www.youtube.com/@BoardofEducationYesagyo👈
Yesagyo BOE and YFHS Official Website
👉https://boardofeducationyesagyo.blogspot.com/?m=1👈
ကျောင်းအပ်လက်ခံခြင်း သတ်မှတ်ချက်များ
၁။ ပညာသင်ကြားသင်ယူမှု အဆင်ပြေချောမွေ့စေရန် အင်တာနက်လိုင်းကောင်းမွန်သည့် နေရာတွင် နေထိုင်သူဖြစ်ရမည်။
၂။ လိုအပ်သော ထောက်ခံချက်-
က။ ကြားကာလ ပြည်သူ့အခြပြုကျောင်း(အွန်လိုင်း/မြေပြင်)တွင် သင်ကြားခဲ့ပါက ကျောင်းပြောင်း လက်မှတ်(သို့မဟုတ် )နောက်ဆုံးတက်ရောက်ခဲ့သည့် အတန်းပြီးမြောက်ကြောင်း လက်မှတ် ( အာဏာသိမ်းပြီးကာလတွင် ပြည်သူ့အခြေပြုကျောင်းတက်ရောက် ခဲ့သူများအတွက်)
ခ။ CDM ဆရာ/မတစ်ဦးဦး (သို့မဟုတ်) မြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ကျောင်းသားCDM ဖြစ်ကြောင်းထောက်ခံချက် (အာဏာသိမ်းပြီးကာလတွင် ကြားကာလပြည်သူ့အခြေပြု online/on ground ကျောင်း မတက်ရောက် ခဲ့သူများအတွက်)
၃။ ပညာသင်ကြားခြင်းဆိုင်ရာ သတ်မှတ်ချက်များ
(က)အတန်းနေရာချထားမှု - အသက်အရွယ် နှင့် ကိုက်ညီသော အတန်း တွင် နေရာချထားပေးပြီး လိုအပ်သော ကျွမ်းကျင်မှုများ ရှိမရှိကို Placement Testဖြင့် စိစစ်၍ ဖြည့်စွက်သင်ကြား ပေးသွားပါမည်။
(ခ) စာသင်ကာလ-- ၂၀၂၅ ဇွန်လမှ ၂၀၂၆ ဖေဖေါ်ဝါရီလအထိ( G12 မှအပ)
အတန်းပြီးမြောက်မှု ဆိုင်ရာ သတ်မှတ်ချက်များ ၊၊
၁။ ကျောင်းမှ ထုတ်ပြန်ထားသော ကျောင်းသား./သူ လိုက်နာရန်စည်းကမ်းများ၊ စာသင်ခန်းတွင်း လိုက်နာရန် စည်းကမ်းများကို အတိအကျ လိုက်နာရမည်။
၂။ ပညာအရည်အသွေးစိစစ်အကဲဖြတ် မှု ( Formative & Summative Assessment ) များ ကို မပျက်မကွက် ဖြေဆိုရမည်။
၃။ စာသင်နှစ်ကုန်ဆုံးချိန်တွင် အတန်းပြီးမြောက်မှုဆိုင်ရာ သတ်မှတ်ချက်များနှင့်ကိုက်ညီသူများအား အတန်းပြီးမြောက်မှုလက်မှတ် ထုတ်ပေးပါမည်။
၄၊ စာသင်နှစ်မကုန်မီ ကျောင်းပြောင်းလိုပါက ကျောင်းပြောင်းလက်မှတ်ထုတ်ပေးပါမည်။
လျှောက်လွှာဖောင်လင့်
https://docs.google.com/forms/d/e/1FAIpQLSe9AG8LRBsVZa1mshiTwRXro_ryNHWGpMUr0ef9bA0PCReGow/viewform?usp=dialog
ကလေးတို့ပညာရေး
အစဥ်တွေး
အစဥ်ပေးဆပ်
တို့ YFHS (ဝိုင်ဖတ်ချ်)